လူ့အခွင့်အရေးများကို ကာကွယ်ပေးရန် ကျွန်ုပ်တို့ လုပ်ဆောင်ပေးသည်။ ACT အစိုးရနှင့် အစိုးရ အရာရှိများသည် ၎င်းတို့အနေဖြင့် သင်နှင့်သင့်မိသားစုအား သက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်များကို ချမှတ်သည့်အခါတိုင်း သင်၏ လူ့အခွင့်အရေးများကို လေးစားလက်ခံသည်ဖြစ်ကြောင်း ကျွန်ုပ်တို့ သေချာအောင်လုပ်ပေးသည်။
၎င်းတို့အနေဖြင့် အဘိုရင်ဂျင်းလူမျိုးနှင့် တောရက်စ်ရေလက်ကြား ကျွန်းသားလူမျိုး အခွင့်အရေးများ အပါအဝင် လူ့အခွင့်အရေးများကို လေးစားလက်ခံကြောင်း သေချာစေရန် ကျွန်ုပ်တို့ ဥပဒေများကို သုံးသပ်ပေးသည်။
ကျွန်ုပ်တို့သည် Alexander Maconochie Centre (AMC) ရှိ အကျဥ်းသားများ၏ လူ့အခွင့်အရေးများကို စောင့်ကြပ်ကြည့်ရှုပေးသည်။ လူများအား ထိန်းသိမ်းထားသော Bimberi Youth Justice Centre နှင့် အခြား နေရာများကိုလည်း ကျွန်ုပ်တို့ စောင့်ကြပ်ကြည့်ရှုပေးသည်။
လူ့အခွင့်အရေးများကို တင်ပြသည့် တရားရုံး အမှုအခင်းများတွင် ကျွန်ုပ်တို့ ထုချေလျှောက်လဲပေးသည်။
ကျန်းမာရေး ဝန်ဆောင်ဌာနများနှင့် ကျန်းမာရေး ကုသပေးသူများ၊ ခွဲခြားဆက်ဆံမှု၊ မသန်စွမ်းသူ ဝန်ဆောင်ဌာနများ၊ ကလေးများနှင့် သက်ကြီးများအတွက် ဝန်ဆောင်မှုများ၊ သက်ကြီး ဆော်ကားမှု သို့မဟုတ် မသန်စွမ်းသူအား ဆော်ကားမှု၊ လိင်ပိုင်း အနှောင့်အယှက်ပေးမှု၊ လူမျိုးခွဲခြားမှု၊ အိမ်ရှင်အိမ်ငှါး အငြင်းပွားမှုနှင့် အခွင့်အရေးများ စာတမ်း ပြစ်မှုကြောင့် နစ်နာခံရသူများနှင့်ပတ်သက်၍ သင် ကျွန်ုပ်တို့ထံ မကျေနပ်ချက် တိုင်တန်းနိုင်သည်။
သင် တိုင်တန်းနိုင်သည် အကယ်၍ –
မကျေနပ်ချက်များကို ဖြေရှင်ပေးးရန် ကျွန်ုပ်တို့ သင်နှင့်အတူ လုပ်ကိုင်ပေးပါမည်။